ရွှေကူ မတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကဏ္ဍအသီးသီး၌ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းဟောင်း ပင်စင်စားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အာဟာရဒါနများလှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို မတ်လ ၂၁ ရက် နံနက် ၇ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လာရောက်ထုတ်ယူကြသည့် အဘိုးအဘွားများအား ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုတိုင်းတာပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး သွေးတိုး၊ ဆီးချိုကျဆေးစသည့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ ထောက်ပံ့ပေးအပ်လျက်ရှိရာ ပင်စင်စားအဘိုးအဖွားများက ဝမ်းသာ ပျော်ရွှင်စွာဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ခံယူခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှ ပင်မှည့်သီးဖျော်ရည်နှင့် ပူတင်းပေါင်မုန့်များအားပေးဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)