တပ်ကုန်း မတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာ ခင်မောင်ထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် မြို့နယ်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ မြို့နယ်အတွင်းရှိဆေးခန်းများအား စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားသည့် ပုဂ္ဂလိကဆေးခန်းများဖြစ်သော ညောင်လွန့်ကျေးရွာအုပ်စုတွင် ထူးဆေးခန်း၊ ဘုရင့်နောင်ရပ်ကွက်တွင် စွမ်းထက်ဆေးခန်းနှင့် မျိုးမေတ္တာဆေးခန်း၊ ဗိုလ်မင်းရောင်ရပ်ကွက်တွင် ကောင်းဆေးခန်း၊ လမင်းအောင်ဆေးခန်းနှင့် ဖြိုးသီရိဆေးခန်း၊ အောင်ဇေယျရပ်ကွက်တွင် သမားတော်ဆေးခန်း၊ မြဝတီရပ်ကွက်တွင် မြတ်မွန်ဆေးခန်းတို့အား စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ /မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်