ဒလ မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၉) နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
ဒလမြို့နယ်အတွင်းရှိ ပင်စင်စားမိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် နေ့ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။
ဒလမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း (၄၇၀) ဦးရှိပြီး ပင်စင်လစာများ အဆင်ပြေစေရေးအတွက် မတ်လ ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယခုအငြိမ်းစားပင်စင်ထုတ်ယူသူ (၂၅၀) ဦးရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရသည်။
မြင့်ဇော်(ပြန်/ဆက်)