ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း မတ် ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၈ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက ကလေးအလုပ်သမားဆိုသည့်အဓိပ္ပါယ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းရင်း၊ ကလေးသူငယ်များ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

ထိုနောက် ဟောပြောပွဲတက်ရောက်လာသော လူငယ်များက အသိပညာပေးနံရံကပ်စာစောင်များ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)