မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာရှိ ဝါကြိတ်ခွဲနေမှုအား ကြည့်ရှုလေ့လာ

စဉ့်ကိုင် မတ်လ ၂၀

ဝါထုတ်ကုန်များနှင့်ပတ်သက်၍ နိုင်ငံတကာတွင် သတ်မှတ်သည့် ပျမ်းမျှသတ်မှတ်ချက်အချိုးများ ဖော်ထုတ်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးချည်မျှင်ရှည်ဝါ စိုက်ပျိုးရေးစီမံကိန်းအတွက် ကွင်းဆင်းစစ်တမ်း ကောက်ယူလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများသည် ယမန်နေ့မွန်းလွဲက စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာရှိ ဝါလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ကြသည်။

ဝါကြိတ်ခွဲခြင်းမှ အဓိက ထုတ်ကုန်များဖြစ်သော ဝါဂွမ်းနှင့်ဝါစေ့များ၏ ထုတ်လုပ်မှုအချိုးနှင့် ဝါစေ့အားကြိတ်ခွဲခြင်းမှ အဓိကထုတ်ကုန်ဝါစေ့ဆီနှင့် ဘေးထွက်ပစ္စည်း ဝါကြိတ်ဖက်၊ ဆီချေး စသည်များ ထုတ်လုပ်မှု အချိုးများသည် ဝါမျိုး၊ ဝါနှင့်ဝါစေ့ အရည်အသွေး ကြိတ်ခွဲသည့် စက်အမျိုး အစားနှင့် နည်းပညာများအပေါ်မူတည်၍ ထွက်ရှိကြောင်း၊ တောင်ရင်းကျေးရွာရှိ ဝါကြိတ်စက်မှာ အိန္ဒိယအမျိုးအစား (စက်အသေး) ဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှဝါဖက် ပိဿာ (၈၀၀) ခန့် ထွက်ရှိကြောင်း၊ ဝါတစ်ပိဿာကို ကျပ် ၂၉၀၀ ဖြင့်ဝယ်ယူရပြီး ကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဝါဂွမ်းဖက်ကို တစ်ပိဿာ ကျပ် ၈၀၀၀ ဖြင့် ပြန်လည်ရောင်းချရကြောင်း ဝါကြိတ်ခွဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်မိုးမိုးက ပြောသည်။

အဆိုပါ ကွင်းဆင်းလေ့လာရာသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်      တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူနှင့် အသင်းတာဝန်ခံတို့ ပါဝင်ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)