မိုးကုတ်၊ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ချောင်းကြီးကျေးရွာအုပ်စု၊ ကျောက်ဝါကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်း၌ တောင်ကမ်းပါးနံရံပြိုကျမှုတစ်ခု ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးနန္ဒထွန်းနိုင်ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)၊ မြတ်စေတနာလူမူကူညီရေးအသင်းတို့ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိရာ မတော်တဆမြေပြိုကျမှုကြောင့် လူသုံးဦးမြေပိမူ့ဖြစ်ပွားရာတစ်ဦးမှာ ရွာသူ ရွာသားများနှင့် ကျောက်မျက်တူးဖေါ်နေကြသည့်သူများမှကယ်တင်နိုင်ခဲ့ပြီး ကျန်နှစ်ဦးအား ညနေထိရှာဖွေမှုတွင်မတွေ့ရှိပဲ ကယ်ဆယ်ရေအဖွဲ့များ၏ စုပေါင်း အားဖြင့် ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရပါသည်။
ဇင်မင်းထွန်း(ပြန်/ဆက်)