၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ညောင်ဦးမြို့နယ်၌ ကြိုတင်မဲပေးမှုများ ‌‌‌ဆောင်ရွက်လျက်ရှိ

ညောင်ဦး၊ နိုဝင်ဘာ ၅

 

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်  ညောင်ဦးမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးကြသူများသည် အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်၍ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြောင်း ညောင်ဦးမြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရသည်။

ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ရုံးများသို့ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး  မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများအတွက် မဲရုံမှူးများ ၊ မဲရုံအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ကိုယ်စားလှယ်များက အိမ်တိုင်ရာရောက် လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်

ညောင်ဦးမြို့နယ်တွင် မဲရုံပေါင်း ၃၇၆ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၂၀၅၉၇၇ ဦး၊ နိုင်ငံရေးပါတီ ၇ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၆) ဦး၊ တစ်သီးပုဂ္ဂလ (၁) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရကာ အောက်တိုဘာ  ၂၉ ရက်နေ့မှနိုဝင်ဘာ ၃ ရက်နေ့ထိ ၉၃၉၃၉ ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ကာ နိုဝင်ဘာ ၄ ရက်နေ့တွင်လည်း ကြိုတင်ဆန္ဒမဲဆက်လက်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးချိုဦးကပြောကြား၍ သိရသည်။

ကိုထိန်၊KPD