နွားထိုးကြီး၊ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ရပ်ကွက်(၇)၊ အမှတ်(၁)မဲရုံတွင်အသက်(၆၀)နှစ်နှင့် အထက်ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ(၁၁၈)ဦးရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှသိရသည်။
အဆိုပါရပ်ကွက်(၇)၊ အမှတ်(၁)မဲရုံတွင်ဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း(၇၈၃)ဦးရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ(၁၁၈)ဦးရှိကာ ကြိုတင်ဆန္ဒမဲပေးသူများအနေဖြင့် အောက်တိုဘာ၂၉ရက်နေ့မှ နိုဝင်ဘာ၅ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင်သွားရောက်ပေး နိုင်ပြီး၊ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲပါကရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျင်နေအိမ်တွင်ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်လင်း(ပြန်/ဆက်)