ရန်ကုန် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင်ရှိ လူနာများနှင့် ဝန်ထမ်းများအတွက် အလှူရှင်များက အသင့်စား ထမင်းဘူးများကိုယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီး၊ဖျားနာဆောင်ရှိ လူနာများအတွက် ဗိုလ်ကြီး ဥက္ကာထိုက်+တေးသံရှင် စံပယ်ဖြူသိန်းမှ မင်္ဂလာသက်တမ်း(၁)နှစ်ပြည့်အလှူအဖြစ် အသင့်စား ထမင်းဘူး(၁၆၀)ဘူးနှင့် ဝန်ထမ်းများအတွက် ဦးဇော်မျိုးဦး+ဒေါ်ခင်စန္ဒာထူး မိသားစုမှ အသင့်စား ထမင်းဘူး(၇၀)ဘူးတို့ကို အလှူရှင်များက အထွေ ထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ အသီးသီး လှူဒါန်းရာ အင်းစိန်အထွေ ထွေရောဂါ ကုဆေးရုံကြီး မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)