ပုဗ္ဗသီရိ မတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုးပြီး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်း၊ မျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့် လယ်စိုက်တောင်သူများ လျာထားဧကထက် ပြည့်မီကျော်လွန်ရေး ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးကို ငလိုက်ဆည်ရေသောက်စနစ်ဖြင့် ဧက ၂၅၀၊ ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ဧက ၆၆၊ စုစုပေါင်းဧက ၃၁၆ လျာထားစိုက်ပျိုးပြီး၊ ၁၀၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)