ရန်ကုန် နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများ လွယ်လင့်တကူ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၃၈)ရပ်ကွက်တွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့က ကြိုတင်ဆန္ဒမဲများကို ဆက်လက်လိုက်လံကောက်ယူလျက်ရှိရာ အသက်(၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ နှင့် နာမကျန်းသူများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကြိုတင်ဆန္ဒမဲများကို လိုက်လံကောက်ယူလျက်ရှိရာသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၆၀) နှစ်နှင့်အထက် သက်ကြီး ရွယ်အို ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၇၇၀၅)ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း များကို အောက်တိုဘာ (၂၉)ရက်မှ နိုဝင်ဘာ (၅)ရက်နေ့အထိ ကောက်ခံပေးသွား မည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)