ရန်ကုန် နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရန်ကုန် အရှေ့ပိုင်း ခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ မိမိတို့ မြို့နယ်အတွင်း ရပ်ကွက်များအလိုက် မဲရုံပြုလုပ်မည့်နေရာများနှင့် မဲရုံတည် ဆောက်မည့်နေရာများတွင် မဲရုံစည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်မှုရှိ စေရန်၊ social distancing နှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက် ILBC ကျောင်း အားကစားရုံနေရာတွင် မဲရုံ ပြုလုပ်နိုင်ရန် အတွက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာသို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ နှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တို့ကပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၈၀၇၉၉)ဦးရှိပြီး မဲရုံပေါင်း (၁၃၉)ရုံ ပြုလုပ်သွားမည်ဖြစ်ကာ၊ ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅)၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလွှတ်တော် (ကရင်၊ရခိုင်)နေရာတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသတင်းရရှိသည်။
ရဲမင်းထွန်း (ပြန်/ဆက်)