မိုင်းတုံ မတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းဆတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ အဓိပ္ပာယ်နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုနှင့် အဓိကအကြောင်းရင်းများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပြောကြားပြီး မှတ်တမ်း Video များပြသပေးခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်မှ လိုအပ်သည်များကို အကျယ်တဝန်းဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းချပြပြီးနောက် တက်ရောက်လာသည့်သူများမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့်ပတ်သက်ပြီး မသိသည့်အချက်များနှင့် မိမိတို့မှ ပြည်သူကို မည်သို့လမ်းညွှန်ပြရမည့်အချက်များကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)