ဒဂုံ(မြောက်) နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲဆန္ဒနယ်အလိုက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်း များအား ရပ်ကွက်များအလိုက် ခွဲဝေဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ပစ္စည်းများ ထားရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄၅)ရပ်ကွက် နဝဒေး စာကြည့်တိုက်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်များအား ခွဲဝေထုတ်ပေး လျက်ရှိရာ မဲရုံတာဝန်ရှိသူများ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးတွင် အသုံးပြုရန် အတွက် လက်သန့်စင်ဆေးရည် Hand Gel (၁၀၄၆)ဗူး၊ Hand Spray (၁၃၄၆)ဗူး၊ လက်အိတ် (၃၇) ထုတ်အား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်(၄) ဦးကျော်အေး မှ ကြီးကြပ်၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇)ရပ်ကွက်ရှိ မဲရုံပေါင်း ၁၅၄ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၁၆၀,၅၈၉ ဦးရှိကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)