မရမ်းကုန်း မတ် ၁၈
နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/သူလေးများအား အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ အခြေခံအင်္ဂလိပ်စာသင်ကြားခြင်းဖြင့် အင်္ဂလိပ်စာစွမ်းရည်များတိုးတက်ပြီး ကျောင်းသင်ခန်းစာများတွင်လည်း အထောက်အကူပြုစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီမှစတင်၍ အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သင်တန်းဆရာဦးလှသိန်းက သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ အပတ်စဉ် တနင်္လာနေ့နှင့်အင်္ဂါနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ သင်ကြားပေးမည်ဖြစ်ကာ (၁၈-၃-၂၀၂၄)ရက်နေ့မှ (၉-၄-၂၀၂၄)ထိ (၄)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)