ပင်းတယ မတ် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ရပ်ကွက်အတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီက အော်ယောရပ်ကွက်အတွင်း၌ ရပ်ကွက်နေပြည်သူများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များမှ ဦးဆောင်ကြီးကြပ်၍ ရပ်ကွက်အတွင်းရှိ အလှူရှင်များ၏ လှူဒါန်းငွေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ မတည်ထောက်ပံ့လှူဒါန်းငွေများနှင့် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ရပ်ကွက်အတွင်းရှိ မြေသားလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်အတွင်းနေ ပြည်သူများ၏ လုပ်အားဒါနဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ကျန်ရှိနေသေးသည့် မြေသားလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ရပ်ကွက်အတွင်းရှိပြည်သူများ စုပေါင်း၍ တတ်အားသမျှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောယောရပ်ကွက်နေ ဒေသခံတစ်ဦးထံမှ သိရသည်။
ရဲထက်ဦး(ပင်းတယ)