မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်အသီးသီးမှ ကျောင်းသားကျောင်းသူများ ပထမနေ့စာမေးပွဲ ဖြေဆို

မိုးညှင်း မတ် ၁၈

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်း ပထမနေ့စာမေးပွဲကို ယနေ့ နံနက်(၉)နာရီမှစတင်၍ ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုကြလျက်ရှိကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော ဘာသာရပ်အသီးသီးမှ ကျောင်းသားကျောင်းသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်းစာမေးပွဲကို မတ်လ(၁၈)ရက်မှ (၂၃)ရက်ထိ ဖြေဆိုသွားကြမည်ဖြစ်ရာ ပထမနေ့စာ‌မေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများမှာ ပထမနှစ် နေ့သင်တန်းတွင် (၁၃၂)ဦး၊ ဒုတိယနှစ် နေ့သင်တန်းတွင် (၃၆၂)ဦး၊ တတိယနှစ် နေ့သင်တန်းတွင် (၁၁၆)ဦး၊ စတုတ္ထနှစ် နေ့သင်တန်းတွင် (၁၅၅)ဦး၊ ဂုဏ်ထူးတန်း(ပထမနှစ်) နေ့သင်တန်းတွင် (၄၅)ဦး၊ ဂုဏ်ထူးတန်း (ဒုတိယနှစ်)နေ့သင်တန်းတွင် (၃၅)ဦး၊ ဂုဏ်ထူးတန်း(တတိယနှစ်) နေ့သင်တန်းတွင် (၄၇)ဦး၊ မဟာအရည်အချင်းစစ်သင်တန်းတွင် (၂၇)ဦး၊ မဟာတန်းပထမနှစ်တွင် (၁၁)ဦးနှင့် မဟာတန်းဒုတိယနှစ်တွင် (၅)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၉၃၅)ဦးတို့ စိတ်အေးချမ်းသာစွာဖြင့် အသီးသီးဖြေဆိုကြလျက်ရှိပြီး အဆိုပါဖြေဆိုနေမှုများအား ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့် သက်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း