လှိုင်သာယာ (အရှေ့ပိုင်း) မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်(၁၂)နာရီ၌ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)နှင့် အမှတ်(၄)ရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများမှ သွားရောက်ဖြန့်ဝေလျက်ရှိသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်(၄)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ၊ (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ကဗျာ၊ ဆောင်ပုဒ်များ ဝေဝေဆာဆာထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)