ငါန်းဇွန် မတ် ၁၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဌာနဆိုင်ရာ ရုံးများ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်သန့်နှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် မြို့နယ်ဌာနဆိုင်ရာ ရုံးများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာရုံးများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများအား မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)