ခိုလမ်မြို့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ခိုလမ် မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဌာနဆိုင်ရာများပူးပေါင်း၍  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီအချိန်က လူစည်ကားရာမြို့မစျေးတွင် ဖြန့်ဝေခဲ့ပါသည်။

ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးလွှမ်းသူနောင်နှင့်ဝန်ထမ်းများ၊ ခိုလမ်နယ်မြေစခန်းမှ စခန်းမှူး၊ စည်ပင်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ စျေးရောင်း/ စျေးဝယ်ပြည်သူများ လက်ဝယ်သို့ အသိပညာပေး ရှင်းလင်းပြောကြားပြီး ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဖြစ်ရမယ့်တာဝန်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲစသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)