မြင်းခြံ မတ် ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝန်းအတွင်း၌ (၄၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဓမ္မာရုံတွင် မတ်(၁၂)ရက်နေ့မှ စတင်၍ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခဲ့ပြီး မတ်လ (၁၆) ရက်နေ့တွင် အသံမစဲ မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် (၄၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ သံဃာတော်အပါး(၈၁၀) ကြွရောက် အလှူခံတော်မူခဲ့ပြီး လောင်းလှူပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်းများ တက်ရောက်လောင်းလှူခဲ့ကြသည်။
အဆိုပါ (၄၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်းဆန်တော် (၆၁၈) အိတ်နှင့် အခြား လှူဖွယ်ပစ္စည်းများ တန်ဖိုးငွေ (၇၆၂၁၀၀၀၀)ကျပ်အား လောင်းလှူခဲ့ကြောင်း သိရသည်။
အေးမြသက်(ပြန်/ဆက်)