ဝမ်းတွင်းမြို့နယ်၌ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

ဝမ်းတွင်း   မတ် ၁၆

နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် နွေရာသီကျောင်း ပိတ်ရက်များတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို အမှတ်(၃)ရပ်ကွက်ရှိ ဗဟိုကျောင်းတိုက်တွင် မတ်လ(၈)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ဦးစိန္တိတ ဗဟိုကျောင်းဆရာတော်က မိန့်ကြားသည်။

ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြင့်  မိမိတို့ရင်သွေးငယ်များကို လိမ္မာယဉ်ကျေးသောလူတော် လူကောင်းများဖြစ်လာစေရန်၊ ဘုရားရှီခိုးအမျိုးမျိုးနှင့် ယဉ်ကျေးလိမ္မာအသိပညာများ တိုးပွားလာမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ၊ ကြီးပွားချမ်းသာ မင်္ဂလာသင်ခန်းစာ၊ အဘိဓမ္မာအခြေပျိုး သင်ခန်းစာ စသည့် ယဉ်ကျေးမှုဘာသာရပ်များကို ဆရာတော်/သံဃာတော်များနှင့် ဆရာ/ဆရာမများကက သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလ အနေဖြင့် (၈.၃.၂၀၂၄ မှ ၂၂.၃.၂၀၂၃)နေ့အထိ(၁၅)ရက်တာကြာ သင်ကြားသွားမည်ဖြစ်သည်။

အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွင် မြို့ပေါ်ရပ်ကွက် (၆)ခုနှင့် ကျေးရွာများမှ ကလေးငယ်(၄၂၀)ဦးက တက်ရောက်လျက်ရှိပြီး ယခုလို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်သင်ကြားပေးမှုအပေါ် မိဘများက ဝမ်းသာကြည်နူးလျက်ရှိကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)