ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ ကျင်းပ

ပြင်ဦးလွင် မတ် ၁၇

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွန်လာစေရေး၊ အနာဂတ်တွင် ခေါင်းဆောင်းကောင်းများဖြစ်လာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန်ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားပြီး  စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် GTI မှ ကျောင်းသား/ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သွေးသွေး (ခရိုင်/ပြန်/ဆက်)