ကျိုင်းတောင်းမြို့တွင် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျိုင်းတောင်း မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး ဆောင်းနေကြာစိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့က စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုရသည့်အတွက် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးပါတယ်၊ အခုမြင်တွေ့နေရတဲ့ ဆောင်နေကြာစိုက်ခင်းကတော့ အိမ်သုံးအနေနဲ့စမ်းပြီး စိုက်ပျိုးကြည့်တာပါ၊ အောင်မြင်တယ်ဆိုရင်တော့ နောက်နှစ်တွေမှာ တိုးချဲ့စိုက်ပျိုးဖို့ပါတယ်၊ တချို့နေရာတွေမှာ မြေသားတွေမကောင်းလို့ ထင်ပါတယ် အောင်မြင်မှုသိပ်မရှိဘူး၊ မျိုးစေ့တွေကို စိုက်ပျိုးရေးဦးစီးဌာနကနေ ဝယ်ယူစိုက်ပျိုးပါတယ်၊ ဆီထွက်သီးနှံဆိုပေမဲ့လဲ အခုအချိန်မှာတော့ ဆီထုတ်လုပ်နိုင်တဲ့အထိ မစိုက်ပျိုးနိုင်သေးပါဘူး”ဟု ဆောင်းနေကြာစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ ပြောကြားခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)