ရန်ကုန် နိုဝင်ဘာ ၄
၂၀၂၀ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲအတွက် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် နှင့် အထက်မဲဆန္ဒရှင် ပြည်သူများသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများက စီစဉ်သည့်မဲရုံ ( ၁၃၆ )ရုံ၌ ကြိုတင်မဲများကို ပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁၂ နာရီအထိ မဲပေးပြီးသူ (၂၈၁၇၂ )ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာ ၄ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများအား သတ်မှတ်နေရာများ၌ ကိုယ်တိုင်သွားရောက်မဲပေး ခြင်းနှင့် ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် ခက်ခဲသူများကို အိမ်တိုင်ရာရောက် ကြိုတင် မဲပေးခြင်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးနိုင်သည့် အသက်(၁၈) နှစ်ပြည့်ပြီးသူ ကျား(၁၂၅၀၉၁)ဦး ၊ မ (၁၆၃၃၅၅)ဦး စုစုပေါင်း (၂၈၈၄၄၆)ဦး ရှိပြီး ရပ်ကွက်(၂၇) ရပ်ကွက် ၊ ကျေးရွာအုပ်စုကြီး (၅)စု ကျေးရွာ(၂၀) မဲရုံပေါင်း (၁၃၆)ရုံတွင် မဲပေးလျက်ရှိကြောင်း သိရသည်။
မျိုးသန့် (ပြန်/ဆက်)