မြင်းခြံ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်း၌ သင်းတန်းနည်းပြဆရာ ပန်းချီဆရာချစ်သော်က အခြေခံပန်းချီရေးဆွဲနည်းပညာရပ်များကို သင်ကြားပြသပြီး သင်တန်းသူ သင်တန်းသား (၁၈) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းဖွင့်လှစ်မည့်ကာလမှာ မတ်လ ၁၇ ရက်နေ့မှ ၂၀ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းချိန်အပြီးတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ သုတရသစာအုပ်စာစောင်များကို သင်တန်းသူ၊ သင်တန်းသားများက ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)