နွားထိုးကြီးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာနှင့်သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

နွားထိုးကြီး မတ်  ၁၆

၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝှမ်း မတ်လ ၁၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ နွားထိုးကြီးမြို့ရှိ စာစစ်ဌာနများတွင်လည်း ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိတစ်နေ့ လျှင်(၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီအကြာဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁ ခု ဖြစ်သော အထက-နွားထိုးကြီးတွင် ရူပဗေဒဘာသာတွင် စာရင်းရှိ ကျောင်းသား(၁၀၆)ဦး၊ ကျောင်း သူ (၂၄၄)ဦးရှိပြီး၊ စုစုပေါင်း (၃၅၀)ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ (၂၃၈) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်ကျောင်းသား (၆)ဦး၊ ကျောင်းသူ (၆)ဦး၊စုစုပေါင်း(၁၂)ဦး၊ သမိုင်းဘာသာတွင် စာရင်းရှိကျောင်းသား (၁၈)ဦး၊ ကျောင်းသူ (၂၅)ဦးရှိပြီး စုစုပေါင်း (၄၃)ဦး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၆)ဦး၊ ကျောင်းသူ (၂၄)ဦး၊ ပျက်ကွက်ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၁)ဦး၊ စုစုပေါင်း (၃)ဦး ပျက်ကွက်ကြောင်းကို  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိ၊ရပ်ဖ များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်