ညောင်ဦး မတ် ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကန်နီကြီးကျေးရွာအုပ်စု၊ ဝက်လူးကျေးရွာသို့ ယမန်နေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေ ၃၂၀၀ ဂါလံအား ငါ့သရောက်နယ်မြေမီးသတ်စခန်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါ့သရောက်မြို့ ကန်နီကြီးကျေးရွာအုပ်စု၊ ဝက်လူးကျေးရွာ၏ သောက်သုံး ရေအကူအညီတောင်းခံလာခြင်းကြောင့် ငါ့သရောက်နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ စခန်း တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်(၄)ဦးတို့ သည် ၁၆၀၀ ဂါလံဆံ့မီးသတ်ရေယာဉ်ဖြင့် ၂ ခေါက်သွားရောက်လှူဒါန်းခဲ့ရာ ၃၂၀၀ ဂါလံလှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်နှင့် လူဦးရေ ၅၀၀ ခန့် မှီတင်းနေထိုင်ကြောင်းလည်း သိရှိရသည်။
ဒီပါလင်း