ရမည်းသင်း မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို မတ် (၁၅)ရက် နံနက် ၉ နာရီက စာစစ်ဌာနအလိုက် တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြသည်။
ရမည်းသင်းမြို့နယ်အတွင်း အထက(၁)စာစစ်ဌာန၊ မြို့လှအထက စာစစ်ဌာန၊ သိမ်ကုန်းအထက စာစစ်ဌာနနှင့် ရွာတန်းအထက စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန (၄)ခုတို့တွင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် တာဝန်ရှိဌာနဆိုင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ရမည်းသင်းခရိုင်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရမည်းသင်းမြို့နယ်၌ စာစစ်ဌာန(၄) ခုတွင် ရူပဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား(၄၃၂)ဦး၊ ကျောင်းသူ(၆၃၄)ဦး စုစုပေါင်း(၁၀၆၆)ဦး၊ သမိုင်းဘာသာရပ် ဖြေဆိုရန် ကျောင်းသား(၈၆)ဦး၊ ကျောင်းသူ(၉၈)ဦး၊ စုစုပေါင်း(၁၈၄)ဦး ဖြေဆိုကြောင်း ရမည်းသင်းမြို့နယ်အခြေခံပညာဦးစီးဌာနမှသိရသည်။
ဇော်ဝင်းအောင်