ဆီဆိုင်မြို့၌ မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများထုတ်ပေး

ဆီဆိုင်   နိုဝင်ဘာ     

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက်ပိုင်းက မြို့နယ် ခန်းမဆောင်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါထုတ်ပေးသည့် ပစ္စည်းများမှာ မဲပုံး၊ ဆန္ဒပြုခန်း၊ အမှန်ခြစ်တံဆိပ်၊ ချိတ်တံဆိပ်၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လည်ဆွဲကတ်များ၊ ဆာလာအိတ်၊ Face Shield Surgical Gown Medical Cap PPE ဝတ်စုံ၊ Surgical Gloves Protective Face mark Goggles Boot PPE Cover all Hand spray စသည့်ပစ္စည်းများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း(၃၂၁)ရွာ၊ မဲဆန္ဒနယ်()တွင် မဲရုံ(၄၀)ရုံ၊ မဲဆန္ဒနယ်အမှတ်()တွင် မဲရုံ(၅၃)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၀၅၉၀၂)ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)