ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ရှမ်းပြည်နယ်)တာဝန်ခံ ကျိုင်းတုံမြို့နယ်ရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ကျိုင်းတုံ        နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တာဝန်ခံ) ဦးညွန့်စိန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကျိုင်းတုံမြို့နယ်ရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တာဝန်ခံ) ဦးညွန့်စိန်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ခေါင်းဆောင် ဦးစိုင်းမောင်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်ရှိ မဲရုံများပြင်ဆင်ထားရှိမှုနှင့် မဲရုံလုပ်ငန်းများဆိုင်ရာ လေ့ကျင့်နေမှု အခြေအနေများကို ကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေး၊ ဆန္ဒမဲရယူရာတွင် စနစ်တကျ ဖြစ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် မဲရုံပေါင်း ၁၂၀ ရုံပြင်ဆင်ထားရှိပြီး ကြိုတင်မဲဆန္ဒပေးပိုင်ခွင့်ရှိစာရင်း ၂၁၂၇၅ ဦးနှင့်  နိုဝင်ဘာလ ရက်နေ့တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၀၇၃၃၇ ဦးရှိရာ စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း ၁၂၈၆၁၂ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)