ကွမ်းခြံကုန်း နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများပူး ပေါင်းပါဝင်သောကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှအသိပညာပေးခြင်း၊စည်းကမ်းလိုက်နာမှုမရှိသူများအား ဒဏ်ငွေပေးဆောင် စေခြင်းများ ကိုယမန်နေ့မနက်(၉)နာရီကစ၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းနှင့် စည်းကမ်းထိန်း သိမ်းရေးဆောင်ရွက်မှုကို မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများအားကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက်နှာ ခေါင်းစည်း(mask)ကိုစနစ် တကျတပ်ဆင်ရန်၊ အရောင်းအဝယ် ပြုလုပ်ရာတွင် တစ်ဦးနှင့် တစ်ဦး(၆)ပေ အကွာရောင်းချရန် အသိပေးနှိုးဆော်ခြင်း၊နှာ ခေါင်းစည်း(mask)တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ(၂၀၀) ကျပ်ချက်ချင်းပေးဆောင်စေ၍နှာခေါင်းစည်း(mask)တစ်ခုပေး ပြီးတပ်ဆင်စေခဲ့ကြောင်း သိရသည်။ ထို့အပြင် ဗိုလ်ချုပ်လမ်းမ ကြီးပေါ်တွင်သွားလာနေသော အများပြည်သူများ၊ စက်ဘီး၊ဆိုင် ကယ်၊ အနှေးယာဉ်၊ မော်တော်ယာဉ်များ ပေါ်တွင်စီးနင်းလိုက်ပါ လာသူများအားကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်း ချက်များ အားလိုက်နာရန်အသိပေးနှိုးဆော်ခြင်း၊ အပြင်ထွက်တိုင်း (mask)တပ်ရန်နှင့် (mask)တပ်ဆင်ခြင်း မရှိသူများအားဒဏ်ငွေ(၂၀၀) ကျပ်ပေးဆောင်စေခြင်းဖြင့် အလေး ထားလိုက် နာမှုရှိစေရန်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)