ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒ၊ သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

ပုသိမ်ကြီး မတ် ၁၆

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို ပုသိမ်ကြီးမြို့ရှိ စာစစ်ဌာန (၂) ခုတွင် ယမန်နေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါစာမေးပွဲကို ကျောင်းသားကျောင်းသူများ စိတ်လက်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် အ.ထ.က (ပုသိမ်ကြီး)နှင့် အ.ထ.က (အုန်းချော) တို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ရူပဗေဒဘာသာရပ်ကို အ.ထ.က (ပုသိမ်ကြီး)တွင် စာရင်းရှိ ကျောင်းသား (၉၃)ဦး၊ ကျောင်းသူ (၁၅၈)ဦး၊ စုစုပေါင်း (၂၅၁)ဦးရှိပြီး လာရောက်ဖြေဆိုသူ ကျောင်းသား (၈၈)ဦး၊ ကျောင်းသူ (၁၅၀)ဦး၊ စုစုပေါင်း (၂၃၈)ဦး၊ ပျက်ကွက် (၁၃)ဦး၊ အထက အုန်းချောတွင် စာရင်းရှိ ကျောင်းသား (၆၄)ဦး၊ ကျောင်းသူ (၈၅)ဦး၊ စုစုပေါင်း(၁၄၉)ဦး ရှိပြီး လာရောက်ဖြေဆို ကျောင်းသား (၆၁)ဦး၊ ကျောင်းသူ (၈၄)ဦး၊ ပျက်ကွက် (၄)ဦး၊ စုစုပေါင်း(၁၄၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

သမိုင်းဘာသာရပ်ကို အ.ထ.က (ပုသိမ်ကြီး) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား (၁)ဦး၊ ကျောင်းသူ (၇)ဦး၊ ဖြေဆိုသူ စုစုပေါင်း (၅)ဦး၊ အ.ထ.က(အုန်းချော)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား (၂)ဦး၊ ကျောင်းသူ (၉)ဦး၊ ဖြေဆိုသူ စုစုပေါင်း (၁၀)ဦးတို့ လာရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်