ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆိုပြီးစီး

ကျောက်ပန်းတောင်း  မတ်   ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို စာစစ်ဌာန(၃)ခုဖြစ်သည့် အမှတ်(၁)အ.ထ.က၊ အ.ထ.က(ပုပ္ပား) နှင့် အ.ထ.က (လက်ပန်ပျား) တို့တွင် ကျောင်းသား၊ ကျောင်းသူများအားလုံး အေးချမ်းစွာဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။

ယနေ့ဖြေဆိုသည့် သိပ္ပံဘာသာတွဲဖြစ်သည့် ရူပဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၇၃၅) ဦးအနက် လာရောက်ဖြေဆိုသူ (၇၁၈)ဦး ရှိရာ၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၇.၆၉)ရာခိုင်နှုန်း ရှိကြောင်း သိရပြီး ဝိဇ္ဇာဘာသာတွဲဖြစ်သည့် သမိုင်း ဘာသာရပ်တွင် စာရင်းပေးသွင်းထားသူ (၃၂)ဦးအနက်၊ ဝင်ရောက်ဖြေဆိုသူ (၃၁)ဦးရှိရာ၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၈၈)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)