မြစ်သားမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ဆက်လက်ဖြေဆိုလျက်ရှိ

မြစ်သား မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု၌ ပဉ္စမနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ယနေ့နံနက် (၉) နာရီမှ စတင်၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အ.ထ.က( မြစ်သား)၊ အ.ထ.က (ကူမဲ)နှင့် အ.ထ.က (ရွာခိုင်ကြီး) စာစစ်ဌာန (၃)ခုရှိပြီးစာရင်းအရ (၄၁၃)ဦး ရှိပြီးယနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များဖြေဆိုကြရာ အ.ထ.က(မြစ်သား) စာစစ်ဌာန တွင် (၁၃၅)ဦး ၊ အ.ထ.က (ကူမဲ)စာစစ်ဌာနတွင်(၂၁၁)ဦး၊ အ.ထ.က (ရွာခိုင်ကြီ) စာစစ်ဌာနတွင်(၆၆) ဦး စာရင်းအရ စုစုပေါင်း(၄၁၂)ဦး ရှိကြောင်း၊ မြို့နယ်အနေဖြင့် စာမေးပွဲလာရောက်ဖြေဆိုသူ(၄၀၁)ဦး ဝင်ရောက် ဖြေဆိုကြရာ ပျက်ကွက်သူ(၁၁)ဦးရှိသောကြောင့် စာစစ်ဌာနများ၏ ဖြေဆိုမှု(၉၇)ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး ရပ်အုပ်ချုပ်ရေးမှူးများ လုံခြုံရေးပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီတာအောင်(မြစ်သား)