ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် ဟိုပုံးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဟိုပုံး       နိုဝင်ဘာ     

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့်ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီတို့တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ညီညီတင်က ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ဟိုပုံးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က  မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ မဲရုံများအလိုက် ရွေးကောက်ပွဲဆိုင်ရာဆောက်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များနှင့် သိရှိလိုသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး စခန်းမှူး ကျော်သန်းက ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ တွဲဘက်အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်လွင်မှ နိုဝင်ဘာ ရက်နေ့မတိုင်ခင် မဲရုံများ အဆင်သင့်ဖြစ်ရေး၊ သဘာဝဘေး၊ မီးဘေးလုံခြုံရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခြင်း၊ ဒေသအဆင့်ဥပဒေအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ထွန်းမှ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များဆိုင်ရာ ဥပဒေ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် တုံခမ်းရပ်ကွက်နှင့် အနောက်ရပ်ကွက်ရှိ မဲရုံအမှတ်()နှင့် ()တွင် မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများနှင့် မဲရုံပြင်ပတွင် မဲပေးမည့်သူများအား Social Distancing နှင့်အညီနေရာများ သတ်မှတ်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် ရပ်ကွက်()ခု၊ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ ကျေးရွာပေါင်း(၂၉၈)ရွာ၊ မဲရုံ(၈၀)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၂၅၇၂)ဦးရှိပြီး အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၈၃၁၇) ဦးရှိရာ နိုဝင်ဘာ ရက်နေ့အထိ စုစုပေါင်း(၄၃၅၄)ဦး ကြိုတင် ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နေမင်းထွန်း(ဟိုပုံး)