ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုနေမှုကို တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး

ရမည်းသင်း    မတ်    ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို မတ် ၁၄ ရက်နေ့၊ နံနက်  ၉ နာရီက  စာစစ်ဌာနအလိုက် တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိရာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ပညာရေးကော်မတီအဖွဲ့တို့ လိုက်လံကြည့်ရှုအားပေးကြသည်။

ရမည်းသင်းမြို့နယ်အတွင်း အ-ထ-က(၁)စာစစ်ဌာန၊ မြို့လှအထက စာစစ်ဌာန၊ သိမ်ကုန်းအထက စာစစ်ဌာနနှင့် ရွာတန်းအထက စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန (၄)ခု၊ ပျော်ဘွယ်မြို့နယ်တွင် အထက(၁)စာစစ်ဌာန၊ ယင်တော်အထကစာစစ်ဌာန၊ အရှေ့လျော်ဖြူကုန်း အ-ထ-က စာစစ်ဌာန၊ အနောက်ရွာသစ် အ-ထ-က စာစစ်ဌာန၊ တောင်ညောင်ကုန်း အ-ထ-က စာစစ်ဌာန၊ ရွှေညောင်ဖူး အ-ထ-က စာစစ်ဌာနနှင့် ရန်အောင် အ-ထ-က စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန(၇)ခုတို့တွင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အရေးပေါ်ဆေးခန်းတို့ကို ကြည့်ရှုအားပေးကာ အခက်အခဲများကို အချိန်မီ ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အားပေးပြောကြားသည်။

ရမည်းသင်းခရိုင်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား (၉၂၂) ဦး၊ ကျောင်းသူ (၁၄၂၈)ဦး စုစုပေါင်း(၁၃၅၀)ဦး၊ ပထဝီဝင်ဘာသာရပ် ဖြေဆိုကျောင်းသား(၉၅)ဦး၊ ကျောင်းသူ(၁၁၅)ဦး စုစုပေါင်း(၂၁၀)ဦး ဖြေဆိုကြောင်း ရမည်းသင်းခရိုင် အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဇော်ဝင်းအောင်