တံတားဦးမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

တံတားဦး  မတ်  ၁၅

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် တံတားဦးမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး၊ ဦးစီးကော်မတီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက  တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပွဲတော်ကျင်းပနိုင်ရေး နာယကအဖြစ် တင်မြောက်ထားပါကြောင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သည့်ရည်ရွယ်ချက်များ မပျက်ပြားစေရေးအတွက် ဦးဆောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သည့် မဟာသင်္ကြန်ပွဲတော်အား ယိမ်းအကပျိုဖြူလေးမှ ဗဟိုမဏ္ဍပ်၌ အလှည့်ကျကပြဖျော်ဖြေပေးစေလိုကြောင်း၊ ဒါ့အပြင် သီဆိုဖျော်ဖြေရေးအဖွဲ့များနှင့် စတုဒီသာများဖြင့်ကျွေးမွေးဧည့်ခံပေးရေး၊ မဟာသင်္ကြန်ပွဲတော်အား စည်းကမ်းရှိရှိနှင့် စည်ကားသိုက်မြိုက်ပျော်ရွှင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း  ဒါ့အပြင် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ၂၀၂၃-ခုနှစ် မဟာသင်္ကြန် အကြိုနေ့ ညနေ(၄)အချိန်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တံတားဦးမြို့နယ် ဌာနဆိုင်ရာအကြီးအကဲများမှ  မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး အကြံပြု တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)