လင်းခေးမြို့နယ် လွိုင်ဆေကျေးရွာတွင် လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

လင်းခေး မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဝမ်တိန်းကျေးရွာအုပ်စု၊ လွိုင်ဆေ ကျေးရွာ၌ ယနေ့ နံနက် ၁ နာရီခွဲက လူနေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နေရာသို့ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်စခန်းမှူး ရဲအုပ်ခင်ဝင်း ဦးစီးအဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ ဝမ်ဟတ်တိုက်နယ်၊ ဝမ်တိန်းကျေးရွာအုပ်စု၊ လွိုင်ဆေ ကျေးရွာနေ၊ တောင်သူ ဦး--------- ၏ (၂)ထပ်လူနေအပေါ်ထပ် မီးလောင်ကျွမ်းနေမှုဖြစ်ပေါ်နေ ကြောင်း လင်းခေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲလင်းထွေးနှင့် တပ်ဖွဲ့ဝင် (၁၂)ဦးတို့က မီးသတ်ယာဥ်()စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြရာ နံနက်(၃)နာရီ ၁၀ မိနစ်အချိန်၌ မီးညွန့်ကျိုးသွားကာ (၃)နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဥ်မှာ ဦး--------- က နေအိမ်အိမ်ခန်း၌ ဖယောင်းတိုင်မီးထွန်းညှိထားခဲ့ပြီး အိမ်သွားတက် နေစဉ် အိပ်ခန်းအတွင်းရှိ စောင်ပေါ်သို့ (မီးထွန်းထားသော) ယောင်းတိုင်လဲကျလောင် ကျွမ်းခဲ့ရ ခြင်းဖြစ်ကြောင်း၊ (အလျား ၃၀၊ အနံ ၂၀၊ အမြင့် ၁၈ပေ)ခန့်ရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ အုတ်ညှပ် (၂)ထပ် အိမ်ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် အဆိုပါ နေအိမ်အနီး တောင်သူ ဦး---------- ၏ (အလျား ၃၀၊ အနံ ၂၀ ၊ အမြင့် ၁၈ ပေ) ခန့်ရှိ သွပ်မိုး၊ ပျဉ်ခင်း ပျဉ်ကာ၊ အုတ်ညှပ် (၂) ထပ်လူနေအိမ်အား မီးဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မြို့နယ်ဝမ်ဟတ်တိုက်နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများက  ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(လင်းခေးသား)