ကျောက်တလုံးကြီး မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးထောက်ပံ့ငွေကို ယနေ့ နံနက် ၁၁ နာရီက လူမှုဝန်ထမ်းဦးစီးဌာန ဦးဆောင်၍ ဘိုးဘွားများ၏ လက်ဝယ်အရောက်ပေးအပ်သည်။
ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစမ်းနှင့် ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များက ကျောက်တလုံးကြီးမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သက်ကြီးဘိုးဘွား ကျား ၂၆ ဦး၊ မ ၄၁ ဦး၊ စုစုပေါင်း ၆၇ ဦးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယ ၃ လပတ်ထောက်ပံ့ငွေ တစ်ဦးလျှင် တစ်လ ၁ သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၀၁၀၀၀၀ ကို သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း