၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုရရှိသော ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်

လားရှိုး မတ်လ ၁၆

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ထူးချွန်အမျိုးသမီးများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ဆုရရှိသူများကိုယ်စား ထူးချွန်အမျိုးသမီးဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်အမျိုးသမီးများမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူ ၇ ဦး၊ အကြမ်းဖက်သောင်းကျန်းသူများမှ တပ်ရင်းဌာနချုပ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် အရာရှိစစ်သည်များနှင့ အတူ မိမိအသက်ကိုပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့်  တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဆုရရှိခဲ့သူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ဆုများပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)