သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

သာစည် မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/သူများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္တာကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်ကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန် အားကစားနည်း ၅ မျိုးကို မတ်လပထမပတ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်းနှင့် ပြေးခုန်ပစ် အားကစားနည်း ၅ မျိုးကို အခြေခံမှစ၍ စနစ်တကျဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်သောလူငယ်များပေါ်ထွက်လာစေရန်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးဝင်းထွန်းဦးက ပြောကြားခဲ့သည်။

အဆိုပါသင်တန်းများကို မတ်လကုန်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)