ကွမ်းခြံကုန်း မြို့နယ်တွင် ပြည်ပရောက် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများအား ကြိုတင်ဆန္ဒမဲပုံးများ အတွင်းထည့်သွင်းဆောင်ရွက်

ကွမ်းခြံကုန်း        နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ နယ်တွင်(၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ကြို တင်ဆန္ဒမဲပေးခဲ့ကြသည့် ပြည်ပရောက် မဲဆန္ဒရှင်များ၏ ဆန္ဒ မဲများအား ကြိုတင်ဆန္ဒမဲပုံးများ အတွင်းထည့်သွင်း ဆောင်ရွက်မှုကို ယမန်နေ့မနက်(၁၀)နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

ရောက်ရှိလာသောပြည်တွင်း၊ ပြည်ပမှမဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်း ထည့်သွင်းဆောင် ရွက်မှု မစတင်မှီ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ မှပြည်ပ ရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးပို့ဆောင်ရွက်ထားမှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်တွင်း၊ပြည်ပမှ ရောက်ရှိလာသောကြိုတင်ဆန္ဒမဲများအား နိုင်ငံရေးပါတီများ၏ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ကြို တင်မဲပုံးများအတွင်း ထည့်သွင်းဆောင်ရွက်ခဲ့သည်။

ကွမ်းခြံ ကုန်းမြို့နယ်တွင် ပုံစံ(၁၅)ဖြင့် တောင်းဆို ထားသော ပြည်ပ ရောက်မဲဆန္ဒရှင်(၂၂၉)ဦးရှိပြီး ပြန်လည်ပေးပို့လာသောမဲဆန္ဒရှင်(၁၅၇)ဦး၏ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး လွှတ်တော်နှင့်တိုင်းရင်းသားလွှတ် တော်များ အတွက် ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ် (၅၀၁)စောင်ရှိပြီး (၇၂)ဦးမှာသက်ဆိုင်ရာ နိုင်ငံများတွင် ဆန္ဒမဲ လာရောက်ပေးခြင်း မရှိကြောင်းသိရသည်။  ပြည်တွင်း မှပေးပို့လာ သောကြိုတင် ဆန္ဒမဲ(၂၅)စောင် နှင့်ပြည်ပမှ ပေးပို့ထားသည့်ကြိုတင်ဆန္ဒမဲ(၅၀၁) စောင်၊ စုစုပေါင်း ဆန္ဒမဲ (၅၂၆)စောင်အားကြိုတင် ဆန္ဒမဲပုံး()ပုံး အတွင်း ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)