နမ့်စန်(တ) နိုဝင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် နိုဝင်ဘာလ ၁ ရက် မှစတင်၍ မဲဆန္ဒရှင်သက်သေခံ လက်မှတ်များကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများက ပြည်သူများထံထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် တွင်မဲဆန္ဒရှင် သက်သေခံကတ်ပြားများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများ နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရာစုအလိုက်အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ မဲရုံ ၂ ခုပေါင်း ၂၃၅၀ ဦး ရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် ၁၁ ခုနှင့်ကျေးရွာအုပ်စု ၂၀ခုတို့၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၉၂၃၆၄ ဦးရှိပြီး စုစုပေါင်းမဲရုံ ၁၀၃ ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)