စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်အတွင်း မွေးမြူရေးဇုန်အကောင်အထည်‌ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဟိုပုံး   မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဖြည့်စွက်ရန်ပုံငွေကျပ်သန်း (၄၂.၅၂)ဖြင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ကျူကရိန်းကျေးရွာမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်နှင့် တာဝန်ရှိသူများက ပြည်နယ်ဖြည့်စွက်ရန်ပုံငွေကျပ်သန်း (၄၂.၅၂)သန်းဖြင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ကျူကရိန်းကျေးရွာမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျူကရိန်းကျေးရွာမွေးမြူရေးဇုန်ရေရရှိရေး အလျား(၃၀‌ပေ)၊ အနံ(၁၈)ပေ၊ အမြင့် (၆)ပေရှိ ဂါလံ(၂၀၀၀၀) ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျူကရိန်းကျေးရွာမွေးမြူရေးဇုန်ရေရရှိရေး အလျား(၃၀‌ပေ)၊ အနံ(၂၀)ပေ၊ အမြင့်(၈.၅)ပေရှိ ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျူကရိန်းကျေးရွာ ရေတင်ပန့်တည်ဆောက်ခြင်းလုပ်ငန်း၊ ကျူကရိန်း‌ကျေးရွာမွေးမြူရေးဇုန် ရေရရှိရေး အလျား (၅၀ပေ)၊ အနံ(၃ပေ)၊ အမြင့်(၅)ပေရှိ ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်း၊ ကျူကရိန်း‌ကျေးရွာ မွေးမြူရေးဇုန်ရေရရှိရေး အလျား(၁၂ပေ)၊ အနံ(၁၂ပေ)၊ အမြင့်(၃.၅)ပေရှိ ရေစစ်ကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျူကရိန်း‌ကျေးရွာမွေးမြူရေးဇုန် ရေရရှိရေး အလျား(၁၀ပေ)၊ အနံ(၈ပေ)၊ အမြင့်(၈)ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)