ကျောက်ဆည် မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှိအသင်းမှ ပြည်သူမျာ စားသုံးဆီ အခက်အခဲမရှိစေရေး စားအုန်းဆီများကို စဉ်ဆက်မပြတ် အေးမြကြည်လင်းဈေး၊ မြို့နဈေးများနှင့် ရပ်ကွက်/ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများတွင် ရောင်းချပေးလျက်ရှိရာ (၁၄)ရက် နံနက်ပိုင်းက Agga Hinthar Co.,Ltd မှ ရည်ညွှန်းဈေး (၅၂၁၅)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်နှင့် သင်တောင်းကြီးကျေးရွာအုပ်စု၊ တောင်လွှဲကျေးရွာတို့တွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားသုံးဆီရောင်းချခြင်းရာ၌ အေးမြကြည်လင်ဈေးရှိ ဒေါ်စန်းစန်းဌေးပိုင်ဆိုင်သည့် နေလသုခ စားသုံးဆီ လက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ကြက်မင်းတွန်ရပ်ကွက်တွင် စားအုန်းဆီ(၉၉၀) ပိဿာ၊ သင်တောင်းကြီးကျေးရွာအုပ်စု၊ တောင်လွှဲကျေးရွာတွင် စာအုန်းဆီ(၈၈၀)ပိဿာ၊ အေးမြကြည်လင်ဈေးရှိ ဦးအောင်လွင်ပိုင်ဆိုင်သည့် နေခသုခ စားသုံးဆီ လက်လီလက်ကားအရောင်းဆိုင်မှ ကြက်မင်းတွန်ရပ်ကွက်တွင် စားအုန်းဆီ(၄၄၀)ပိဿာ၊ ဈေးတန်းရပ်ကွက်တွင်(၃၃၀)ပိဿာတို့အား တစ်ပိဿာလျင် ငွေ(၅,၇၀၀)ကျပ်ဖြင့် ရေားချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)