ပြင်ဦးလွင်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဆက်လက်မဲပေး

ပြင်ဦးလွင်၊    နိုဝင်ဘာ      ၄ 

၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ( ၈) ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲသို့ ကိုယ်တိုင်လာရောက်၍  ဆန္ဒမဲမပေးနိုင်သည့်  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး ကိုဗစ် - ၁၉ ရောဂေါကြိုတင်ကာကွယ် ထိန်းချုပ်ရေးကာလဖြစ်သည်နှင့်အညီ  ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာ၍ သက်ဆိုင်ရာ   ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ တွင်  အောက်တိုဘာ ( ၂၉) ရက်နေ့   နံနက်ပိုင်းမှ စတင်၍   ကြိုတင်ဆန္ဒမဲများကို ဆက်လက် လာရောက် မဲပေးလျက်ရှိသည်။

ပြင်ဉီးလွင်မြို့နယ်အတွင်း ရပ်ကွက် (၂၁) ရပ်ကွက် နှင့် ကျေးရွာ (၃၇ ) အုပ်စုတွင် မဲရုံစုစုပေါင်း  (၂၀၀) ရုံ ဖွင့်လှစ်ထားရှိကာ   အောက်တိုဘာလ   (၂၉ ) ရက်နေ့ မှ နိုဝင်ဘာလ ( ၅ ) ရက်နေ့အထိ   နေ့စဉ် နံနက်( ၈) နာရီမှ   ညနေ ( ၆) နာရီအထိ  ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ  နှင့် အသက် ( ၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အားလုံးက  ကျန်းမာရေးညွှန်ကြားချက်နှင့် အညီ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ  ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကိုယ်တိုင်လာရောက် ကြိုတင်ဆန္ဒမဲများ ဆက်လက် မဲပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည် ။ 

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )