မိုင်းယု မတ် ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ကြွမ်းတောင်းဘုန်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မိုင်းယုမြို့နယ်အုပ်ချုပ်ရေးရေးမှူး ဦးလောထွေးက ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ဗိုလ်ကြီး ဇွဲနောင်က ပြည်သူ့စစ်မှုထမ်း ဆောင်ရာတွင် တပ်သားတစ်ဦးအနေဖြင့်ရရှိမည့် လစာနှင့် အခြားအခွင့်အရေး အကျိုးခံစားခွင့်များအကြောင်းကိုလည်းကောင်း၊ နယ်မြေခံစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ အကြောင်းတို့ကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် မြို့မရပ်ကွက်နေ ပြည်သူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်