ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် River View အပန်းဖြေနေရာအဖြစ် အကောင်အထည်ဖော်ရေးနှင့် ဗလမင်းထင် ဧက ၂၀၀ စံပြ စိုက်ကွင်းအတွင်း သီးထပ်သီးနှံများ Mobile Solor စနစ်ဖြင့် ‌ရေသွင်းစိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာ လှပပြီး River View အပန်းဖြေနေရာအဖြစ် အကောင်အထည်ဖော်ရေး၊ အင်ဂျန်းခချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် ဗလမင်းထင် ဧက ၂၀၀ စံပြ စိုက်ကွင်းအတွင်း သီးထပ်သီးနှံများ Mobi

မြစ်ကြီးနား မတ် ၁၄

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မတ် ၁၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပပြီး River View အပန်းဖြေနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ဧရာဝတီမြစ်အတွင်း စီးဝင်သည့် အင်ဂျန်းခချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအရှေ့ဘက် ဧရာဝတီမြစ်ဆိပ်မှ နန်းသီတာ ဟိုတယ်ရှေ့အထိ ကမ်းနားတစ်လျှောက် မြေဧရိယာ (၂၄) ဧကအား သန့်ရှင်းသာယာလှပလာစေပြီး အများပြည်သူအပန်းဖြေနိုင်သည့် River View အပန်းဖြေနေရာတစ်ခု အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့က စက်ယန္တရာကြီးများဖြင့် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အမြန်ရေယာဉ်များဖြင့် အဆိုပါ မြစ်ကမ်းနားမှ ဧရာဝတီမြစ်လယ်အတွင်းရှိ သောင် ပြင်ပေါ်သို့ သွားရောက်ပြီး သဲသောင်ပေါ်တွင် လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ဧရာဝတီမြစ် နှစ်စဉ် ရေကြောင်းပြောင်းလဲမှု အခြေအနေများ သဲသောင်ပြင်ဖြစ်ထွန်းမှု အခြေအနေများကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် စနစ်ကျ ကွင်းဆင်းတိုင်းတာစစ် ဆေးရေးမှာကြားပြီး သဲသောင်ပေါ်တွင် တရားဝင်ခွင့်ပြုပေးထားသည့် သဲ၊ ကျောက်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားဘက်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် များမှ ရေဝပ်တင်ကျန်မှုမရှိစေရေး ဧရာဝတီမြစ်အတွင်းသို့ အဓိက ရေထုတ်ပေးသည့် ချောင်းတစ်ခု ဖြစ်သည့်အပြင် စက်မှုဇုံရပ်ကွက် ဗလမင်းထင် ဧက ၂၀၀ စံပြစိုက်ကွင်းမှ သီတာရပ်ကွက်နှင့် စီတာပူ ရပ်ကွက်တို့အား ဖြတ်သန်းစီးဆင်းသည့် အရှည် ၃ ဒဿမ ၅ မိုင်ခန့်ရှိ အင်ဂျန်းခချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးနှင့် လူနေအိမ်များ ချောင်းဧရိယာအတွင်း ကျူးကျော်မှုများမရှိစေရေး ဧရာဝတီမြစ်အတွင်း စီးဝင်သည့်နေရာမှ စီတာပူတံတားအထိ ချောင်းတစ်လျှောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒူဝါဇော်ရစ်လမ်းမှ အင်ဂျန်းချောင်း ဖြတ်သန်းစီးဆင်းသည့် ဗလမင်းထင် ဧက ၂၀၀ စံပြစိုက်ကွင်းအတွင်း လာမည့် မိုးစပါးစိုက်ပျိုးရာသီအတွင်း လယ်မြေအားလုံး စိုက်ပျိုးနိုင်ရေးနှင့် လယ်ယာမြေများပေါ်တွင် ကျူးကျော်အဆောက်အအုံများ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဗလမင်းထင် ဧက ၂၀၀ စံပြစိုက်ကွင်းအတွင်း ကျောက်စိမ်းလမ်းမှ ဝိုင်းမော်သွား ကားလမ်းမကြီးအထိ စံပြစိုက်ကွင်းအတွင်း အင်ဂျန်းခချောင်း ပြန်လည်တူးဖော်၍ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု၊ ချောင်းဘေးဝဲ/ယာတို့တွင် စက္ကူပန်းပင်များ စိုက်ပျိုးထားမှု၊ ကွန်ကရစ်လမ်း ဖောက်လုပ်ပြီးစီးမှုနှင့် လယ်ကွင်းများအတွင်း လယ်သီးထပ်အဖြစ် ပဲပုပ်၊ နေကြာသီးညှပ်နှင့် ဖူးစား ပြောင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် သီးထပ်မစိုက်ပျိုးနိုင်သည့် လယ်မြေများအား မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက် မြေဆီမြေနှစ်ရရှိရေး ပိုက်ဆံလျှော်ပင်များ ဆိုလာစနစ်သုံး ရွေ့လျားနိုင်သော ဘီးတပ်ယာဉ်ဖြင့် ချောင်းရေမှ ရေသွင်းစိုက်ပျိုးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၁၂ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ်ကမ်း တစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူအပန်းဖြေနိုင်ရေး River View အပန်းဖြေ နေရာတစ်ခုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ကမ်းတစ် လျှောက် သန့်ရှင်းသာယာလှပရေး၊ နှစ်စဉ် ရေကြီး ရေလျှံမှုများကို ကာကွယ်နိုင်ရေး အထူးအလေး ထားဆောင်ရွက်လျက်ရှိရာတွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်နှင့် အင်ဂျန်းခချောင်းဆုံ(လုံဂါပါ)အနီး ကျောက်ခဲလွင်ပြင်အား သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်သည့် River View အဖြစ် လည်းကောင်း၊ အများပြည်သူအသုံးပြုနိုင်သည့် နေရာတစ်ခုအဖြစ် လည်းကောင်း စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် မြစ်ကမ်းတစ်လျှောက် ကျူးကျော်နေထိုင်ခြင်း၊ စိုက်ပျိုး ခြင်းများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး စနစ်တကျ စီမံ ဆောင်ရွက်သွားရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် River View အကောင်အထည်ဖော်နိုင်ရေး သတ်မှတ်ထားသည့် မြေနေရာနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဖြစ်စေရေး မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးရေးနှင့် လိုအပ်သည်များကို တာဝန်ရှိ သူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)