ပုလော မတ် ၁၅
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (စတုတ္ထ)နေ့ ဓာတုဗေဒဘာသာကို မတ်လ ၁၄ရက်နေ့ နံနက် ၉နာရီ အချိန်မှ ၁၂ နာရီအချိန်အထိ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာကို အ.ထ.က(၁) ပုလော၊ အ.ထ.က(၂) ပုလော၊ အ.ထ.က(ရှပ်ပုံ)၊ အ.ထ.က(ပလ)၊ အ.ထ.က(ပလောက်)၊ အ.ထ.က (မလိကျွန်း)၊ အ.ထ.က(ခွဲ)ကျောက္ကာ၊ အ.ထ.က(ခွဲ)ကျောက်တောင် စသည့်ကျောင်းများမှ စာရင်းရှိ ၁၅၉ ဦးတွင် ဝင်ရောက်ဖြေဆိုသူ ၁၄၈ ဦးရှိကြောင်း၊ အလွတ်ဖြေစာရင်းရှိ ၁၅ ဦးတွင် ၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) ဓာတုဗေဒဘာသာရပ်စာမေးပွဲ၌ စုစုပေါင်းစာရင်းရှိ (၁၇၄)ဦး ၌ (၁၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား/သူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် အမှတ်(၁)စစ်နယ်မြေမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် ဆရာ၊ ဆရာမများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အတွင်းစည်း/အပြင်စည်းများဖြင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော)